ကမ္ဘာ့လူသိ အများဆုံး အကျော်ကြားဆုံး ဓါတ်ပုံအကြောင်း - Kham

Latest

သီချင်းများနားဆင်ရင်း ဗဟုသုတများလည်း ရယူပါ

L Kham KOCC

L Kham KOCC
Natural

Now

Friday, April 26, 2019

ကမ္ဘာ့လူသိ အများဆုံး အကျော်ကြားဆုံး ဓါတ်ပုံအကြောင်း

Unicode>>
ကမ္ဘာ့လူသိ အများဆုံးနဲ့ အကျော်ကြားဆုံး ဓါတ်ပုံဆိုတော့ အဲ့ဒီဓါတ်ပုံကို လူတော်တော်များများ မြင်ဖူးပြီးသားဖြစ်သလို ရင်းနှီးပြီးသားလည်း ဖြစ်နေမှာပါ ။ အထူးသဖြင့် ကွန်ပျူတာနဲ့ အလှမ်းမဝေးတဲ့ နယ်ပယ်က လူတိုင်း နီးပါးလောက် မြင်ဖူးတွေ့ဖူးပြီး ဖြစ်မှာ ကျိန်းသေပါတယ် ။ အဲ့ဒီလို လူတိုင်းနီးပါးနဲ့ ရင်းနှီး ကျွမ်းဝင်နေလို့ လည်း အဲ့ဒီဓါတ်ပုံကို ကမ္ဘာ့လူသိအများဆုံး အကျော်ကြားဆုံး ဓါတ်ပုံအဖြစ် သတ်မှတ်လို့ ရမှာပေါ့ ။ အဲ့ဒီ ဓါတ်ပုံကတော့ Microsoft ကော်ပိုရေးရှင်းရဲ့ ကမ္ဘာကျော် Windows XP ရဲ့ နောက်ခံ Default Wallpaper အဖြစ်အသုံးပြုထားတဲ့ ဓါတ်ပုံပဲဖြစ်ပါတယ် ။ Wallpaper ရဲ့နာမည်ကတော့ Bliss လို့ အမည်ပေးထားပါတယ် ။



ဓါတ်ပုံကို ရိုက်ကူးခဲ့သူကတော့ Charles O'Rear ဆိုတဲ့ အမေရိကန်လူမျိုး ဓါတ်ပုံဆရာပဲ ဖြစ်ပါတယ် ။ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ရင်းနှီးသူတွေက Chuck O'Rear လို့ခေါ်လေ့ရှိတဲ့ Charles O'Rear ကို အမေရိကန်ပြည်ထောင်စု Missouri ပြည်နယ်မှာ ၁၉၄၁ က မွေးဖွားခဲ့ပါတယ် ။ Charles ဟာ ဒီ Bliss ဆိုတဲ့ အမည်ရတဲ့ ကမ္ဘာကျော် ဓါတ်ပုံအပြင် ၊ Wine Country ဆိုတဲ့ ဓါတ်ပုံ စာအုပ်တွေကို ရိုက်ကူးပြီး ကမ္ဘာ့နာမည်ကြီး ဓါတ်ပုံဆရာ အကျော်အမော်တစ်ဦး ဖြစ်လာတဲ့သူပါ ။

၁၉၇၀ နှစ်များလောက်က စပြီး Charles ဟာ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အေဂျင်စီရဲ့ ပရောဂျက်ဖြစ်တဲ့ DOCUMERICA မှာ ပါဝင်ကူညီ ဓါတ်ပုံ ရိုက်ပေးဖြစ်ခဲ့ပါတယ် ။ ဒါ့အပြင် သူဟာ ကမ္ဘာကျော် National Geographic Magazine အတွက် နှစ်ပေါင်း ၂၅ နှစ်လောက်အထိ ဓါတ်ပုံတွေ ရိုက်ပေးခဲ့ဖူးပါတယ် ။ အဲ့ဒီနောက်မှာတော့ ၁၉၇၈ လောက်ကစပြီး သူစိတ်ဝင်စားတဲ့ ဝိုင်အရက် ချက်လုပ်တဲ့ အကြောင်းတွေကို မှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးတဲ့ဘက်ကို ခြေဦးလှည့်ဖို့ ဝိုင်လုပ်ငန်းတွေရှိရာ ကယ်လီဖိုးနီးယား ပြည်နယ်ထဲက Sonoma ခရိုင် ၊ Napa တောင်ကြားဒေသ ခရီးဆန့်ခဲ့ပါတယ် ။

Charles ဟာ Napa တောင်ကြားဒေသမှာပဲ အခြေချ ပြောင်းရွေ့နေထိုင်ပြီး ကမ္ဘာ့တဝန်းလုံးကို လှည့်လည်ကာ အနယ်နယ် အရပ်ရပ်က ဝိုင်လုပ်ငန်းတွေအကြောင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ရင်းနဲ့ အခုဆို ဓါတ်ပုံစာအုပ် (၇) အုပ်တောင် ထွက်ရှိပြီးသွားပါပြီ ။

Charles ရိုက်ကူးခဲ့တဲ့ ဒီ ကမ္ဘာ့လူသိအများဆုံး ဓါတ်ပုံ Bliss ရဲ့ နောက်ကြောင်းရာဇဝင်က အရမ်းပဲ စိတ်ဝင်စားဖို့ကောင်းပါတယ် ။ Bliss ဓါတ်ပုံကို ၁၉၉၆ ခုနှစ် နွေဦးလရဲ့ မနက်ခင်း တစ်ခုမှာပဲ ရိုက်ကူးခဲ့တာပါ ။ ဓါတ်ပုံရိုက်ကူးခဲ့တာ နေရာ ကတော့ ကယ်လီဖိုးနီးယားပြည်နယ် ၊ ဆိုနိုမာ ခရိုင်တွင်းက ဒေသ တစ်ခုဖြစ်တဲ့ နာပါ တောင်ကြားရဲ့ တောင်ကုန်း တစ်ခုနားမှာ ဖြစ်ပါတယ် ။ သာယာလှပတဲ့ ကောင်းကင်ပြာကြီးနဲ့အတူ ပျံလွင့်နေတဲ့ တိမ်စိုင်တိမ်လိပ်တွေကို နောက်ခံထားပြီး လှပစိမ်းစိုနေတဲ့ မြက်ခင်းစိမ်းတွေ ပေါက်ရောက်ရာ တောင်ကုန်း ဒေသတစ်ခုကို ရှု့ခင်းပန်းချီဆန်ဆန် ရိုက်ကူးထားတဲ့ ဓါတ်ပုံကောင်း တစ်ပုံပဲဖြစ်ပါတယ် ။

Charles ဟာ သူ့ရဲ့ မူလဘူတ ဝါသနာအရင်းခံ သက်မွေးဝမ်းကျောင်းမှုဖြစ်တဲ့ ဝိုင်ချက်လုပ်မှု လုပ်ငန်းများကို မှတ်တမ်းတင် ဓါတ်ပုံတွေ ရိုက်ကူးနေရင်း ဒီ Bliss ဓါတ်ပုံကို ရိုက်ကူးဖြစ်ခဲ့တာပါ ။ ဓါတ်ပုံထဲမှာ ပါတဲ့ မြက်ခင်းစိမ်းတွေနဲ့တောင်ကုန်းက Charles ရဲ့ ချစ်သူအမျိုးသမီးဆီ သွားရာ လမ်းမှာရှိနေခဲ့ပါတယ် ။ ချစ်သူဆီသွားနေရင်း တနေ့တော့ ပြာလွင်တဲ့ ကောင်းကင်ပြင်နဲ့ လှပတဲ့ တိမ်စိုင်တိမ်လိပ်တို့ရဲ့ တည်ရှိပုံနဲ့ မြက်ခင်းစိမ်းစိမ်း တောင်ကုန်းတို့ဟာ ဓါတ်ပုံ ရိုက်ကူးချင်စရာ ကောင်းလောက်အောင် ပနံရ သက်ဝင် ဆန်းကြယ်နေတာကြောင့် မောင်းလာတဲ့ ကားကို ရပ်ပြီး စီစဉ် ရိုက်ကူးဖြစ်ခဲ့ပါတော့တယ် ။

အဲ့ဒီ Bliss ဓါတ်ပုံကို Charles ဟာ Microsoft Corporation ကြီးရဲ့ သူဌေးဖြစ်သူ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် Bill Gates ထံသို့ ရောင်းချခဲ့ပါတယ် ။ Bliss ဟာ Microsoft ရဲ့ အဓိက ထုတ်ကုန်ဖြစ်တဲ့ Computer တွေကို အသက်သွင်း မောင်းနှင်တဲ့ အရာဖြစ်တဲ့ Windows စနစ်တွေနဲ့ ကမ္ဘာအနှံအပြားသို့ ရောက်ရှိ ပျံ့နှံ့ခဲ့ပါတယ် ။

၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Windows XP ရဲ့ Standard Wallpaper အဖြစ် ထည့်သွင်း အသုံးပြုခဲ့ပါတယ် ။ Windows XP ဟာ တရားဝင် ဖြန့်ချိရောင်းချခဲ့တဲ့ အချိန်ကစလို့ ယနေ့အထိ ကမ္ဘာ့တဝန်း ချပ်ရေ ၁ ဘီလီယံကျော် ( ခိုးကူးခွေများမပါ ) ရောင်းချခဲ့ရပါတယ် ။ ဒါ့ကြောင့် လက်ရှိ ကမ္ဘာ့လူဦးရေ ဘီလီယံ ၇၀ နဲ့ အချိုးချ ကြည့်မယ်ဆိုရင် Bliss ဟာ ကွန်ပျူတာပေါင်း ဘီလီယံ ဆယ်ဂဏန်းလောက်ပေါ်မှာရောက်ရှိခဲ့ဖူးပြီး ကွန်ပျူတာအသုံးပြုသူနဲ့ နည်းပညာနယ်ပယ်က လူတွေ အားလုံးနီးပါး မြင်ဖူး ပြီးဖြစ်နေပါပြီ ။ Microsoft ရဲ့ Windows တွေကို Promotion လုပ်တဲ့ ဒေါ်လာသန်း ၂၀၀ အကုန်အကျခံ ကြော်ငြာစီမံကိန်းနဲ့အတူ Bliss ဟာလည်း ကျော်ကြားလူသိများခဲ့ပါတယ် ။

Bliss ကို ရောင်းချခဲ့သူ Charles ကို Microsoft က အနုပညာကြေး မည်ရွေ့မည်မျှ ပေးအပ်ထားတယ်လို့ တရားဝင် သတင်းထုတ်ပြန်ထားခြင်း မရှိသလို လျှို့ဝှက်ထားပါတယ် ။

ဒါပေမယ့် ဒီဓါတ်ပုံရဲ့ အနုပညာကြေးဟာ ကမ္ဘာမှာ ဓါတ်ပုံတစ်ပုံတည်း အတွက် ရရှိတဲ့ အနုပညာကြေးတွေ အားလုံးထက် ပိုတယ်ဆိုတာ ကျွမ်းကျင်သူတွေ အားလုံး အတည်ပြုကြသလို Charles ကိုယ်တိုင်ကလည်း ဝန်ခံခဲ့ပါတယ် ။ ဓါတ်ပုံအတွက် ပြန်ရတဲ့ ငွေကြေးဟာ သာမန်ထက် ထူးကဲသာလွန်အောင်ကို များပြား ပါတယ် လို့လည်း သူက အင်တာဗျုးတွေမှာ ပြောကြားခဲ့ပါတယ် ။ Charles ကိုယ်တိုင်လည်း ထင်မှတ် မထားလောက်အောင် အံ့သြဖွယ်အောင်မြင်မှုနဲ့ ဆုလာဘ်ငွေကြေးကို ရရှိခဲ့ပါတယ် ။

ယခုဆိုရင် Charles ဟာ သူချစ်တဲ့ ချစ်သူမိန်းကလေးနဲ့ လက်ထက်ပြီး သူ့ရဲ့ Bliss ဓါတ်ပုံမွေးဖွားရာ ၊ သူစိတ်ဝင်စား ဝါသနာပါတဲ့ ဝိုင်လုပ်ငန်းတည်ရှိရာ နာပါ တောင်ကြားဒေသမှာပဲ အခြေချ နေထိုင်လျက်ရှိပါတယ် ။ Charles ဟာ Bill Gates ရဲ့ ကိုယ်ပိုင်လုပ်ငန်းတစ်ခုဖြစ်တဲ့ Stock Photography ကုမ္ပဏီ Corbis အတွက်လည်း ဓါတ်ပုံတွေကို ရိုက်ပေးခဲ့ဖူးပါတယ် ။ Charles ဟာ ဒီ Bliss ဓါတ်ပုံ မတိုင်ခင်တည်းက ကမ္ဘာ့ရှားပါး သက်သေ အထောက်အထား ဓါတ်ပုံတစ်ပုံကို ရိုက်ကူးပြီးလည်း နာမည်ကျော်ခဲ့ဖူးပါသေးတယ် ။

အမေရိကန်သမ္မတဟောင်း Bill Clinton ရဲ့ အရှုပ်တော်ပုံ (အိမ်ဖြူတော် အမှုှထမ်း Monica Lewinksy ဆိုတဲ့ အမျိုးသမီးနဲ့ သမ္မတပွေ့ဖက်နေတဲ့ပုံ) ကို အမိအရ ရိုက်ကူးပြီး မှတ်တမ်းတင်နိုင်ခဲ့တဲ့ ဓါတ်ပုံပဲဖြစ်ပါတယ် ။ အဲ့ဒီ ဓါတ်ပုံဟာ နောင်တချိန် သမ္မတ ကလင်တန်ကို စွဲချက်တင်တဲ့အခါမှာ အထောက်အထားအဖြစ်နဲ့ လူပြောစရာ ဖြစ်လာခဲ့ပါတယ် ။

Charles ရဲ့ ကမ္ဘာကျော် Bliss ဓါတ်ပုံကို ရိုက်ကူးခဲ့စဉ်က တောင်ကုန်းတွေမှာ မြက်ခင်းတွေသာ စိမ်းစိမ်းစိုစို ပေါက်ရောက် ရှင်သန်နေပေမယ့် ယခုနောက်ပိုင်းမှာတော့ ဝိုင်ချက်လုပ်ငန်းတွေ အတွက် အဓိက ကုန်ကြမ်းဖြစ်တဲ့ စပျစ်သီးတွေ စိုက်ပျိုးရာ မြေယာအဖြစ် ပြောင်းလဲခဲ့ပါတယ် ။

ဒီကမ္ဘာကျော် ဓါတ်ပုံရဲ့ တည်နေရာနဲ့ ယနေ့လက်ရှိ မြင်ကွင်းရှု့ခင်းများကို ကိုယ်တိုင်ကိုယ်ကျ မြင်ဖူးချင်တယ် ဆိုရင်တော့ အင်တာနက်မှ တဆင့် Google Map ကို အသုံးပြုရင်း ရှာဖွေကြည့်ရှု့နိုင်ပါတယ် ။ Street View Feature ကို အသုံးပြုပြီး ဒေသနဲ့ တောင်ကုန်း တောင်တန်း စိုက်ခင်းတွေကို ၃၆၀ ဒီဂရီမြင်ကွင်းနဲ့ ကြည့်ရှု့လေ့လာနိုင်မှာပါ ။ ကိုသြဒီနိတ် အမှတ်အနေနဲ့တော့ 38.248966, -122.410269 ထည့်သွင်းပြီး ရှာဖွေနိုင်ပါတယ် ။ Charles အနေနဲ့ Bliss ကို ရိုက်ကူးဖို့အတွက် Mamiya RZ67 Medium Format Camera ကို Tripod ပေါ်တင်ပြီး Fujifilm ရဲ့ Velvia ဖလင်အသုံးပြုလို့ ပုံရိပ်ဖမ်းယူခဲ့ခြင်း ဖြစ်ပါတယ် ။ ဓါတ်ပုံကို Digital Enhanced ပြုလုပ်ထားခြင်း (သို့) Manipulation ပေါင်းစပ် ဖြည့်စွက် ဖန်တီးခြင်းတွေလည်း မပြုလုပ်ခဲ့ဘူးလို့ သိရပါတယ် ။

Cyra _ ( ပြန်ဆိုရေးသားမျှဝေသည် )

Digital Camera မဂ္ဂဇင်း


Zawgyi>>
ကမာၻ႕လူသိ အမ်ားဆံုးနဲ႕ အေက်ာ္ၾကားဆံုး ဓါတ္ပံုဆုိေတာ့ အဲ့ဒီဓါတ္ပံုကုိ လူေတာ္ေတာ္မ်ားမ်ား ျမင္ဖူးျပီးသားျဖစ္သလုိ ရင္းႏွီးျပီးသားလည္း ျဖစ္ေနမွာပါ ။ အထူးသျဖင့္ ကြန္ပ်ဴတာနဲ႕ အလွမ္းမေ၀းတဲ့ နယ္ပယ္က လူတိုင္း နီးပါးေလာက္ ျမင္ဖူးေတြ႕ဖူးျပီး ျဖစ္မွာ က်ိန္းေသပါတယ္ ။ အဲ့ဒီလို လူတုိင္းနီးပါးနဲ႕ ရင္းႏွီး ကၽြမ္း၀င္ေနလုိ႔ လည္း အဲ့ဒီဓါတ္ပံုကို ကမာၻ႕လူသိအမ်ားဆံုး အေက်ာ္ၾကားဆံုး ဓါတ္ပံုအျဖစ္ သတ္မွတ္လုိ႔ ရမွာေပါ့ ။ အဲ့ဒီ ဓါတ္ပံုကေတာ့ Microsoft ေကာ္ပိုေရးရွင္းရဲ႕ ကမာၻေက်ာ္ Windows XP ရဲ႕ ေနာက္ခံ Default Wallpaper အျဖစ္အသံုးျပဳထားတဲ့ ဓါတ္ပံုပဲျဖစ္ပါတယ္ ။ Wallpaper ရဲ႕နာမည္ကေတာ့ Bliss လို႔ အမည္ေပးထားပါတယ္ ။

ဓါတ္ပံုကို ႐ိုက္ကူးခဲ့သူကေတာ့ Charles O'Rear ဆိုတဲ့ အေမရိကန္လူမ်ိဳး ဓါတ္ပံုဆရာပဲ ျဖစ္ပါတယ္ ။ မိတ္ေဆြ အေပါင္းအသင္းေတြနဲ႕ ရင္းႏွီးသူေတြက Chuck O'Rear လုိ႔ေခၚေလ့ရွိတဲ့ Charles O'Rear ကို အေမရိကန္ျပည္ေထာင္စု Missouri ျပည္နယ္မွာ ၁၉၄၁ က ေမြးဖြားခဲ့ပါတယ္ ။ Charles ဟာ ဒီ Bliss ဆုိတဲ့ အမည္ရတဲ့ ကမာၻေက်ာ္ ဓါတ္ပံုအျပင္ ၊ Wine Country ဆိုတဲ့ ဓါတ္ပံု စာအုပ္ေတြကို ႐ိုက္ကူးျပီး ကမာၻ႕နာမည္ၾကီး ဓါတ္ပံုဆရာ အေက်ာ္အေမာ္တစ္ဦး ျဖစ္လာတဲ့သူပါ ။
၁၉၇၀ ႏွစ္မ်ားေလာက္က စျပီး Charles ဟာ သဘာ၀ ပတ္၀န္းက်င္ ထိန္းသိမ္းေရး ေအဂ်င္စီရဲ႕ ပေရာဂ်က္ျဖစ္တဲ့ DOCUMERICA မွာ ပါ၀င္ကူညီ ဓါတ္ပံု ႐ိုက္ေပးျဖစ္ခဲ့ပါတယ္ ။ ဒါ့အျပင္ သူဟာ ကမာၻေက်ာ္ National Geographic Magazine အတြက္ ႏွစ္ေပါင္း ၂၅ ႏွစ္ေလာက္အထိ ဓါတ္ပံုေတြ ႐ိုက္ေပးခဲ့ဖူးပါတယ္ ။ အဲ့ဒီေနာက္မွာေတာ့ ၁၉၇၈ ေလာက္ကစျပီး သူစိတ္၀င္စားတဲ့ ၀ိုင္အရက္ ခ်က္လုပ္တဲ့ အေၾကာင္းေတြကို မွတ္တမ္းတင္ ဓါတ္ပံု ႐ိုက္ကူးတဲ့ဘက္ကို ေျခဦးလွည့္ဖုိ႔ ၀ိုင္လုပ္ငန္းေတြရွိရာ ကယ္လီဖိုးနီးယား ျပည္နယ္ထဲက Sonoma ခ႐ိုင္ ၊ Napa ေတာင္ၾကားေဒသ ခရီးဆန္႔ခဲ့ပါတယ္ ။
Charles ဟာ Napa ေတာင္ၾကားေဒသမွာပဲ အေျခခ် ေျပာင္းေရြ႕ေနထုိင္ျပီး ကမာၻ႕တ၀န္းလံုးကို လွည့္လည္ကာ အနယ္နယ္ အရပ္ရပ္က ၀ိုင္လုပ္ငန္းေတြအေၾကာင္း မွတ္တမ္းတင္ ဓါတ္ပံု႐ိုက္ကူးခဲ့ရင္းနဲ႕ အခုဆုိ ဓါတ္ပံုစာအုပ္ (၇) အုပ္ေတာင္ ထြက္ရွိျပီးသြားပါျပီ ။
Charles ႐ိုက္ကူးခဲ့တဲ့ ဒီ ကမာၻ႔လူသိအမ်ားဆံုး ဓါတ္ပံု Bliss ရဲ႕ ေနာက္ေၾကာင္းရာဇ၀င္က အရမ္းပဲ စိတ္၀င္စားဖို႔ေကာင္းပါတယ္ ။ Bliss ဓါတ္ပံုကုိ ၁၉၉၆ ခုႏွစ္ ေႏြဦးလရဲ႕ မနက္ခင္း တစ္ခုမွာပဲ ႐ိုက္ကူးခဲ့တာပါ ။ ဓါတ္ပံု႐ိုက္ကူးခဲ့တာ ေနရာ ကေတာ့ ကယ္လီဖုိးနီးယားျပည္နယ္ ၊ ဆိုႏိုမာ ခ႐ိုင္တြင္းက ေဒသ တစ္ခုျဖစ္တဲ့ နာပါ ေတာင္ၾကားရဲ႕ ေတာင္ကုန္း တစ္ခုနားမွာ ျဖစ္ပါတယ္ ။ သာယာလွပတဲ့ ေကာင္းကင္ျပာၾကီးနဲ႕အတူ ပ်ံလြင့္ေနတဲ့ တိမ္စိုင္တိမ္လိပ္ေတြကို ေနာက္ခံထားျပီး လွပစိမ္းစိုေနတဲ့ ျမက္ခင္းစိမ္းေတြ ေပါက္ေရာက္ရာ ေတာင္ကုန္း ေဒသတစ္ခုကို ရႈ႕ခင္းပန္းခ်ီဆန္ဆန္ ႐ိုက္ကူးထားတဲ့ ဓါတ္ပံုေကာင္း တစ္ပံုပဲျဖစ္ပါတယ္ ။
Charles ဟာ သူ႔ရဲ႕ မူလဘူတ ၀ါသနာအရင္းခံ သက္ေမြး၀မ္းေက်ာင္းမႈျဖစ္တဲ့ ၀ိုင္ခ်က္လုပ္မႈ လုပ္ငန္းမ်ားကုိ မွတ္တမ္းတင္ ဓါတ္ပံုေတြ ႐ိုက္ကူးေနရင္း ဒီ Bliss ဓါတ္ပံုကို ႐ိုက္ကူးျဖစ္ခဲ့တာပါ ။ ဓါတ္ပံုထဲမွာ ပါတဲ့ ျမက္ခင္းစိမ္းေတြနဲ႕ေတာင္ကုန္းက Charles ရဲ႕ ခ်စ္သူအမ်ိဳးသမီးဆီ သြားရာ လမ္းမွာရွိေနခဲ့ပါတယ္ ။ ခ်စ္သူဆီသြားေနရင္း တေန႕ေတာ့ ျပာလြင္တဲ့ ေကာင္းကင္ျပင္နဲ႕ လွပတဲ့ တိမ္စိုင္တိမ္လိပ္တို႔ရဲ႕ တည္ရွိပံုနဲ႕ ျမက္ခင္းစိမ္းစိမ္း ေတာင္ကုန္းတို႔ဟာ ဓါတ္ပံု ႐ိုက္ကူးခ်င္စရာ ေကာင္းေလာက္ေအာင္ ပနံရ သက္၀င္ ဆန္းၾကယ္ေနတာေၾကာင့္ ေမာင္းလာတဲ့ ကားကို ရပ္ျပီး စီစဥ္ ႐ိုက္ကူးျဖစ္ခဲ့ပါေတာ့တယ္ ။
အဲ့ဒီ Bliss ဓါတ္ပံုကို Charles ဟာ Microsoft Corporation ၾကီးရဲ႕ သူေဌးျဖစ္သူ ကမာၻ႔အခ်မ္းသာဆံုး ပုဂၢိဳလ္ Bill Gates ထံသို႔ ေရာင္းခ်ခဲ့ပါတယ္ ။ Bliss ဟာ Microsoft ရဲ႕ အဓိက ထုတ္ကုန္ျဖစ္တဲ့ Computer ေတြကို အသက္သြင္း ေမာင္းႏွင္တဲ့ အရာျဖစ္တဲ့ Windows စနစ္ေတြနဲ႕ ကမာၻအႏွံအျပားသို႔ ေရာက္ရွိ ပ်ံ႕ႏွံ႕ခဲ့ပါတယ္ ။
၂၀၀၂ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Windows XP ရဲ႕ Standard Wallpaper အျဖစ္ ထည့္သြင္း အသံုးျပဳခဲ့ပါတယ္ ။ Windows XP ဟာ တရား၀င္ ျဖန္႔ခ်ိေရာင္းခ်ခဲ့တဲ့ အခ်ိန္ကစလုိ႔ ယေန႔အထိ ကမာၻ႔တ၀န္း ခ်ပ္ေရ ၁ ဘီလီယံေက်ာ္ ( ခုိးကူးေခြမ်ားမပါ ) ေရာင္းခ်ခဲ့ရပါတယ္ ။ ဒါ့ေၾကာင့္ လက္ရွိ ကမာၻ႕လူဦးေရ ဘီလီယံ ၇၀ နဲ႕ အခ်ိဳးခ် ၾကည့္မယ္ဆိုရင္ Bliss ဟာ ကြန္ပ်ဴတာေပါင္း ဘီလီယံ ဆယ္ဂဏန္းေလာက္ေပၚမွာေရာက္ရွိခဲ့ဖူးျပီး ကြန္ပ်ဴတာအသံုးျပဳသူနဲ႕ နည္းပညာနယ္ပယ္က လူေတြ အားလံုးနီးပါး ျမင္ဖူး ျပီးျဖစ္ေနပါျပီ ။ Microsoft ရဲ႕ Windows ေတြကို Promotion လုပ္တဲ့ ေဒၚလာသန္း ၂၀၀ အကုန္အက်ခံ ေၾကာ္ျငာစီမံကိန္းနဲ႕အတူ Bliss ဟာလည္း ေက်ာ္ၾကားလူသိမ်ားခဲ့ပါတယ္ ။
Bliss ကို ေရာင္းခ်ခဲ့သူ Charles ကို Microsoft က အႏုပညာေၾကး မည္ေရြ႕မည္မွ် ေပးအပ္ထားတယ္လုိ႔ တရား၀င္ သတင္းထုတ္ျပန္ထားျခင္း မရွိသလို လွ်ိဳ႕၀ွက္ထားပါတယ္ ။
ဒါေပမယ့္ ဒီဓါတ္ပံုရဲ႕ အႏုပညာေၾကးဟာ ကမာၻမွာ ဓါတ္ပံုတစ္ပံုတည္း အတြက္ ရရွိတဲ့ အႏုပညာေၾကးေတြ အားလံုးထက္ ပုိတယ္ဆိုတာ ကၽြမ္းက်င္သူေတြ အားလံုး အတည္ျပဳၾကသလို Charles ကိုယ္တုိင္ကလည္း ၀န္ခံခဲ့ပါတယ္ ။ ဓါတ္ပံုအတြက္ ျပန္ရတဲ့ ေငြေၾကးဟာ သာမန္ထက္ ထူးကဲသာလြန္ေအာင္ကုိ မ်ားျပား ပါတယ္ လို႔လည္း သူက အင္တာဗ်ဳးေတြမွာ ေျပာၾကားခဲ့ပါတယ္ ။ Charles ကိုယ္တုိင္လည္း ထင္မွတ္ မထားေလာက္ေအာင္ အံ့ၾသဖြယ္ေအာင္ျမင္မႈနဲ႕ ဆုလာဘ္ေငြေၾကးကုိ ရရွိခဲ့ပါတယ္ ။
ယခုဆုိရင္ Charles ဟာ သူခ်စ္တဲ့ ခ်စ္သူမိန္းကေလးနဲ႕ လက္ထက္ျပီး သူ႔ရဲ႕ Bliss ဓါတ္ပံုေမြးဖြားရာ ၊ သူစိတ္၀င္စား ၀ါသနာပါတဲ့ ၀ိုင္လုပ္ငန္းတည္ရွိရာ နာပါ ေတာင္ၾကားေဒသမွာပဲ အေျခခ် ေနထုိင္လ်က္ရွိပါတယ္ ။ Charles ဟာ Bill Gates ရဲ႕ ကိုယ္ပုိင္လုပ္ငန္းတစ္ခုျဖစ္တဲ့ Stock Photography ကုမၸဏီ Corbis အတြက္လည္း ဓါတ္ပံုေတြကုိ ႐ိုက္ေပးခဲ့ဖူးပါတယ္ ။ Charles ဟာ ဒီ Bliss ဓါတ္ပံု မတိုင္ခင္တည္းက ကမာၻ႕ရွားပါး သက္ေသ အေထာက္အထား ဓါတ္ပံုတစ္ပံုကို ႐ိုက္ကူးျပီးလည္း နာမည္ေက်ာ္ခဲ့ဖူးပါေသးတယ္ ။
အေမရိကန္သမၼတေဟာင္း Bill Clinton ရဲ႕ အရႈပ္ေတာ္ပံု (အိမ္ျဖဴေတာ္ အမႈွထမ္း Monica Lewinksy ဆိုတဲ့ အမ်ိဳးသမီးနဲ႕ သမၼတေပြ႕ဖက္ေနတဲ့ပံု) ကို အမိအရ ရိုက္ကူးျပီး မွတ္တမ္းတင္ႏုိင္ခဲ့တဲ့ ဓါတ္ပံုပဲျဖစ္ပါတယ္ ။ အဲ့ဒီ ဓါတ္ပံုဟာ ေနာင္တခ်ိန္ သမၼတ ကလင္တန္ကုိ စြဲခ်က္တင္တဲ့အခါမွာ အေထာက္အထားအျဖစ္နဲ႕ လူေျပာစရာ ျဖစ္လာခဲ့ပါတယ္ ။
Charles ရဲ႕ ကမာၻေက်ာ္ Bliss ဓါတ္ပံုကုိ ႐ိုက္ကူးခဲ့စဥ္က ေတာင္ကုန္းေတြမွာ ျမက္ခင္းေတြသာ စိမ္းစိမ္းစိုစို ေပါက္ေရာက္ ရွင္သန္ေနေပမယ့္ ယခုေနာက္ပုိင္းမွာေတာ့ ၀ုိင္ခ်က္လုပ္ငန္းေတြ အတြက္ အဓိက ကုန္ၾကမ္းျဖစ္တဲ့ စပ်စ္သီးေတြ စိုက္ပ်ိဳးရာ ေျမယာအျဖစ္ ေျပာင္းလဲခဲ့ပါတယ္ ။
ဒီကမာၻေက်ာ္ ဓါတ္ပံုရဲ႕ တည္ေနရာနဲ႕ ယေန႕လက္ရွိ ျမင္ကြင္းရႈ႕ခင္းမ်ားကို ကိုယ္တုိင္ကိုယ္က် ျမင္ဖူးခ်င္တယ္ ဆုိရင္ေတာ့ အင္တာနက္မွ တဆင့္ Google Map ကို အသံုးျပဳရင္း ရွာေဖြၾကည့္ရႈ႕ႏုိင္ပါတယ္ ။ Street View Feature ကို အသံုးျပဳျပီး ေဒသနဲ႕ ေတာင္ကုန္း ေတာင္တန္း စိုက္ခင္းေတြကို ၃၆၀ ဒီဂရီျမင္ကြင္းနဲ႕ ၾကည့္ရႈ႕ေလ့လာႏုိင္မွာပါ ။ ကုိၾသဒီနိတ္ အမွတ္အေနနဲ႕ေတာ့ 38.248966, -122.410269 ထည့္သြင္းျပီး ရွာေဖြႏုိင္ပါတယ္ ။ Charles အေနနဲ႔ Bliss ကုိ ႐ိုက္ကူးဖို႔အတြက္ Mamiya RZ67 Medium Format Camera ကို Tripod ေပၚတင္ၿပီး Fujifilm ရဲ႕ Velvia ဖလင္အသံုးျပဳလို႔ ပံုရိပ္ဖမ္းယူခဲ့ျခင္း ျဖစ္ပါတယ္ ။ ဓါတ္ပံုကို Digital Enhanced ျပဳလုပ္ထားျခင္း (သို႔) Manipulation ေပါင္းစပ္ ျဖည့္စြက္ ဖန္တီးျခင္းေတြလည္း မျပဳလုပ္ခဲ့ဘူးလို႔ သိရပါတယ္ ။
Cyra _ ( ျပန္ဆိုေရးသားမွ်ေ၀သည္ )
Digital Camera မဂၢဇင္း

No comments:

Post a Comment